(20
May 2013 ရက်စွဲပါ Chron မှ Matthew Pennington နှင့် Nedra Pickler
တို့ရေးသားသော Obama vows US support as Myanmar leader visits ကို
ဘာသာပြန်ပါသည်။)
Photo Credit By Online
သမ္မတ
Barack Obama သည် တနင်္လာနေ့က ကာလကြာရှည်ကစောင့်စားခဲ့ရသော အိမ်ဖြူတော်တွင်
မြန်မာ သမ္မတနှင့် တွေ့ဆုံရာ၌ မြန်မာခေါင်းဆောင်၏
ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အခက်အခဲများကြားမှ ဦးဆောင်ပေးမှု အပေါ်
အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပြီး၊ အမေရိကန်ကဆက်လက်ထောက်ခံမည်
ဖြစ်ကြောင်းကို သေချာစေရန် ထပ်မံပြောကြားခဲ့ပါသည်။
အိမ်ဖြူတော်ရှိ
ဘဲဥပုံရုံးခန်းတွင် စတင်ထိုင်မိသည်နှင့် Obama ကစတင်စကားပြောခဲ့ပါသည်။
တက်ကြွလှုပ်ရှားသူ များကမူ တိုင်းပြည်ရှိလူ့အခွင့်အရေးအခြေအနေများကြောင့်
ဖိတ်ကြားမှုကို ကန့်ကွက်ခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံ အတွက်
ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနှင့်
အထီးကျန်ပြုခံရမှုများပြီးနောက် နိုင်ငံတကာ၏ လက်ခံမှုအတွက် အချိုးအကွေ့
ပြောင်းသွားမှုအား ကမ္ဗည်းထိုးမှုတစ်ခုဖြစ်ပါသည်။
Obama က ဦးသိန်းစိန်၏နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးပါသော တင်းမာမှုများရပ်ဆိုင်သွားစေခြင်းအတွက် အမှတ်ပေးခဲ့ပါသည်။
“ကျွန်တော်တို့အနေနဲ့ အဆွေတော်ရဲ့မြန်မာနိုင်ငံလမ်းကြောင်းသစ်ပေါ်မှာ ဦးဆောင်မှုပေးနိုင်တဲ့အတွက် အသိအမှတ်ပြုပါတယ်။ အဆွေတော်ရဲ့ကြိုးပမ်းမှုတိုင်းကို အမေရိကန်အနေနဲ့ ကူညီမှုတွေပေးမယ်ဆိုတာ သိစေလိုပါတယ်။ မြန်မာပြည်အနေနဲ့ ခက်ခဲပြီးရှည်လျားတဲ့ခရီးရှိပေမယ့်၊ နောက်ဆုံးမှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ သွားရမယ်လို့ ကျွန်တော်သိထားပါတယ်” ဟု Obama ကပြောပါသည်။
ဝါရှင်တန်ရှိတက္ကသိုလ်တစ်ခုတွင် ဦးသိန်စိန်ကမိန့်ခွန်းပြောကြားရာတွင်
အမေရိကန် - မြန်မာဆက်ဆံရေး၏
ခေတ်သစ်အတွက် တိုက်တွန်းခဲ့ပါသည်။ ပြည်တွင်းစိန်ခေါ်မှုများနှင့် ပတ်သက်၍ ၎င်းက ဗုဒ္ဓဘာသာနှင့် လူနည်းစုမူဆလင်များ ကြားဖြစ်ပွားသော လူမျိုးရေးအကြမ်းဖက်မှုများသည် ရပ်သွားရမည်ဖြစ်ကြောင်း၊ ကျူး လွန်သူများကို တရားဥပဒေအရ အရေးယူလျက်ရှိကြောင်း ကတိပြုပြောဆိုခဲ့ပါသည်။
ခေတ်သစ်အတွက် တိုက်တွန်းခဲ့ပါသည်။ ပြည်တွင်းစိန်ခေါ်မှုများနှင့် ပတ်သက်၍ ၎င်းက ဗုဒ္ဓဘာသာနှင့် လူနည်းစုမူဆလင်များ ကြားဖြစ်ပွားသော လူမျိုးရေးအကြမ်းဖက်မှုများသည် ရပ်သွားရမည်ဖြစ်ကြောင်း၊ ကျူး လွန်သူများကို တရားဥပဒေအရ အရေးယူလျက်ရှိကြောင်း ကတိပြုပြောဆိုခဲ့ပါသည်။
Obama
ကမြန်မာနိုင်ငံရှိ မူဆလင်များအပေါ် အကြမ်းဖက်မှုများအပေါ် စိုးရိမ်ပူပန်မှုကို
ဖော်ပြခဲ့ပါသည်။ “ လူတွေအိုးမဲ့အိမ်မဲ့ဖြစ်ရတာတွေ၊
သူတို့အပေါ်အကြမ်းဖက်မှုတွေရပ်တန့်သွားဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောပါသည်။
Obama ကပြောကြားရာတွင် ၎င်းတို့သည် ဦးသိန်းစိန်၏ နိုင်ငံရေးအကျဉ်းသားများပိုမိုလွှတ်ပေးရေးအ တွက် ရည်ရွယ်ချက်များ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်
တရားဥပဒေစိုးမိုးရေးအတွက် အင်စတီကျူးရှင်းများ ခိုင်မာအောင် လုပ်ဆောင်ရေး၊
သို့မှသာ ခံနိုင်ရည်ရှိပြီး၊ တိုင်ရင်းသားပဋိပက္ခများ ရပ်ဆိုင်းသွားအောင်
လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း
ဆွေးနွေးခဲ့သည်ဟုဆိုပါသည်။ “ သမ္မတဦးသိန်းစိန် ပထမဆုံးဝန်ခံထားသလို၊ ခရီးရှည်ကြီး တစ်ခုဖြစ်သလို လုပ်ဆောင်စရာ များလည်း အများကြီးရှိနေပါသေးတယ်” ဟု ၎င်းကပြောပါသည်။
ဆွေးနွေးခဲ့သည်ဟုဆိုပါသည်။ “ သမ္မတဦးသိန်းစိန် ပထမဆုံးဝန်ခံထားသလို၊ ခရီးရှည်ကြီး တစ်ခုဖြစ်သလို လုပ်ဆောင်စရာ များလည်း အများကြီးရှိနေပါသေးတယ်” ဟု ၎င်းကပြောပါသည်။
ဦးသိန်းစိန်သည်
ယခင် ဖိနှိပ်သောစစ်အစိုးရအောက်တွင် တာဝန်ထမ်းဆောင်စဉ်က
ယခုအိမ်ဖြူတော်နှင့် ကွန်ဂရက်တို့တွင် တွေ့ဆုံဆွေးနွေးမှုများလုပ်ရန်
လုံးဝဖြစ်နိုင်မည်မဟုတ်ပေ။ ပြီးခဲ့သည့်စက်တင်ဘာလက ၎င်းအား
အမေရိကန်သို့လာရောက်ရန်တားမြစ်ထားခြင်းကို ပယ်ဖျက်ပေးခဲ့ပါသည်။
လွန်ခဲ့သောခြောက်လက
Obama သည် လက်ရှိသမ္မတတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့သွားရောက် လည်ပတ်သော
ပထမဦးဆုံး သမ္မတဖြစ်လာပါသည်။ အမေရိကန်အစိုးရ၏ မြန်မာဗိုလ်ချုပ်များနှင့်
ထိတွေ့ဆက်ဆံမှုများသည် စစ်တပ်က အရပ်သားများအပေါ်
ထိန်းချုပ်မှုများဖြေလျော့ပေးရေးနှင့် တရုတ်အပေါ်မှီခိုမှုများ လျော့ချရေးတွင် အရေးကြီးသော မက်လုံးများ ပေးသကဲ့သို့ ရှိပါသည်။
အမေရိကန်သည်
တင်းကြပ်သောစီးပွားရေးအရ အရေးယူမှုများကို ဖြေလျော့ပေးခြင်းဖြင့်
မြန်မာနိုင်ငံ အပေါ်ဆုလဒ်ပေးခဲ့ပြီး၊ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏
မတို့မထိရသေးသော ဈေးကွက်သစ်သို့ဝင်ရောက်ရန် ဆန္ဒပြင်းပြနေသော
အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များကို မိန့်ခွန်းပြောမည်ဖြစ်ပါသည်။
ပြီးခဲ့သည့်လက
အမေရိကန်သည် ၎င်း၏ဈေးကွက်တွင် မြန်မာပစ္စည်းများအကောက်ခွန်
ကင်းလွတ်ခွင့်ပေးရေး စဉ်းစားနေသည်ဟု ကြေညာခဲ့ပြီး၊ အင်္ဂါနေ့တွင်
နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် သတ်မှတ်ချက်မူများ
သဘောတူညီချက်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးမည်ဖြစ်ပါသည်။
Obama
သည် အမေရိကန်အစိုးရသုံးနေကျ “Burma“ ဟူသောအသုံးအနှုန်းမှ ဖယ်ခွာ၍ “Myanmar”
ဟူသော အသုံးအနှုန်းကို အကြိမ်ကြိမ်ညွှန်းဆို အသုံးပြုခဲ့ပါသည်။
အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Jay Carney က ပြောကြားရာတွင်
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံမှ ရည်မှန်းချက်ကြီးမားသည့်
ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများကို လေးစားမှု
ရှိကြောင်း သံတမန်ရေးအရလေးစားမှုကိုပြသသည့်အနေဖြင့် “Myanmar” ဟု ကန့်သတ်ချက်ဖြင့် အသုံးပြုရန် စတင်ခွင့်ပြုခဲ့သည်ဟု ဆိုပါသည်။
ရှိကြောင်း သံတမန်ရေးအရလေးစားမှုကိုပြသသည့်
မြန်မာခေါင်းဆောင်တစ်ဦး
အိမ်ဖြူတော်သို့ နောက်ဆုံးရောက်ရှိခဲ့မှုမှာ 1966 ခုနှစ် စက်တင်ဘာလက
ဦးနေဝင်း ရောက်ရှိခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံကိုဒေသတွင်းဆန်အိုးကြီးအဖြစ်မှ စီးပွားရေးအရ အခြေအနေဆိုးအောင် လုပ်ဆောင်ခဲ့သူ အာဏာရှင်ဖြစ်ပါသည်။
လူ့အခွင့်အရေးလှုပ်ရှားသူများနှင့်
မြန်မာလှုပ်ရှားသူများက အမေရိကန်အစိုးရ၏ ဦးသိန်းစိန်ကို ဖိတ်ခေါ်မှုအား
ပြင်းထန်စွာဝေဖန်ခဲ့ပြီး၊ မြန်မာနိုင်ငံကိုပေးလိုသော သတင်းစကားမှားယွင်းကြောင်းနှင့် နောက်ထပ်ဒီမိုကရေစီ ပြောင်းလဲမှုများ အတွက် ဖိအားပေးရန် သြဇာကို အလဟဿဖြစ်စေကြောင်း ငြင်းချက်ထုတ်ကြပါသည်။
ပြင်းထန်စွာဝေဖန်ခဲ့ပြီး၊ မြန်မာနိုင်ငံကိုပေးလိုသော သတင်းစကားမှားယွင်းကြောင်းနှင့် နောက်ထပ်ဒီမိုကရေစီ ပြောင်းလဲမှုများ အတွက် ဖိအားပေးရန် သြဇာကို အလဟဿဖြစ်စေကြောင်း ငြင်းချက်ထုတ်ကြပါသည်။
အမေရိကန်အစိုးရကပြောကြားရာတွင် ဦးသိန်းစိန်၏ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို
ထောက်ခံကြောင်း အချက်ပြရန် အရေးကြီးကြောင်း၊ စစ်တပ်မှ သဘောထားတင်းမာသူများက
ပြုပြင်ပြောင်းလဲရေးများကို ဆန့်ကျင် နေဆဲဖြစ်
နိုင်ကြောင်းပြောကြားခဲ့ပါသည်။
နိုင်ကြောင်းပြောကြားခဲ့ပါသည်။
ဦးသိန်းစိန်က
၎င်း၏မိန့်ခွန်းတွင် ပြုပြင်ပြောင်းလဲရေးများကို ဆန့်ကျင်သည့်
ဖျက်လိုဖျက်ဆီးလုပ်လိုသူများရှိ နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်
၎င်းတို့၏အကျိုးစီးပွားကို ခြိမ်းခြောက်မှုရှိလာသောကြောင့်ဖြစ်သည်ဟု
ထည့်သွင်း ပြောကြားခဲ့ပါသည်။ သို့သော်၎င်းက ဖျက်လိုဖျက်ဆီးလုပ်လိုသူများမှာ
မည်သူများဆိုသည်ကို သတ်သတ်မှတ်မှတ် ထုတ်ဖော်ခဲ့ခြင်း မရှိသော်လည်း၊
ပြီးခဲ့သောလူမျိုးရေးအကြမ်းဖက်မှုများနှင့် ဆက်စပ်မှုရှိနိုင်ပါသည်။
ဦးသိန်းစိန်က ဒီမိုကရေစီ လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင်
စစ်တပ်သည် အရေးပါသောနေရာမှ ပါဝင်နေကြောင်း၊ ပြောကြားခဲ့ပါသည်။
ဦးသိန်းစိန်
ကချင်သူပုန်များနှင့် (Kachin rebel ဟုသုံးနှုန်းထားပါသည်-အယ်ဒီတာ) မကြာမီ
အပစ်အခတ် ရပ်စဲရေး အတွက် ယုံကြည်မှုအပြည့်ရှိကြောင်း ဖော်ပြခဲ့ပါသည်။
၎င်းကငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် အာ ဏာခွဲဝေ ပေးမှုနှင့် သယံဇာတမျှဝေရေးတွင် သဘောတူညီချက်များလိုအပ်ကြောင်း ပြောခဲ့ပါသည်။
“ကျွန်တော်တို့ရည်မှန်းချက်ဟာ
ရေရှည်ငြိမ်းချမ်းရေးထက် တစ်ပြားမှမလျော့ပါဘူး” ဟု ဦးသိန်းစိန်က
ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် School of Advanced International Studies
တွင်ပြောကြားခဲ့ပါသည်။
တနင်္လာနေ့က
အိမ်ဖြူတော်အပြင်ဘက်တွင် ဦးသိန်းစိန်၏ခရီးစဉ်ကို ဆန္ဒပြနေသော
လှုပ်ရှားသူ(၃၀) ခန့်ရှိပြီး၊ အစိုးရတွင်းမှ အဂတိလိုက်စားမှုနှင့်
ကချင်တိုင်းရင်းသားများအပေါ်လုပ်ဆောင်မှုများအပေါ် ဆန့်ကျင် ခဲ့ကြပါသည်။ “ကျွန်တော်တို့ကချိုးဖောက်မှုများရပ်သွားမယ့်
အမှန်တကယ်ပြောင်းလဲမှုကိုသာ လိုလားပါတယ်” ဟု အဆိုပါဆန္ဒပြပွဲကို စီစဉ်သူ
International Foundation for Burma National Congress မှ ဦးရဲထွဋ်က
ဆိုပါသည်။
မြန်မာနိုင်ငံတွင် 2011 မှစ၍ သမိုင်းဝင်ပြောင်းလဲမှုများရှိခဲ့သော်လည်း၊
ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ အကောင်း အဆိုးရောနေမှုကို
မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ ၎င်းသည် နိုင်ငံရေးအကျဉ်းသား အများအပြား
လွှတ်ပေးခဲ့သော်လည်း၊ အနည်းဆုံး (၁၆၀) ခန့် ထောင်ထဲတွင်ရှိနေသေးကြောင်း
လူ့အခွင့်အရေးအုပ်စုများက ဆိုပါသည်။
အစိုးရသည်
Red Cross ကို ခုနှစ် နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အကျဉ်းထောင်များကို
ဝင်ရောက်ခွင့်ပြု ခဲ့သော်လည်း ကချင်ပြည်နယ်အပါအဝင် ပဋိပက္ခဒေသများတွင်
လူသားချင်း စာနာမှုဆိုင်ရာအကူအညီများ အကန့်အသတ် နှင့်သာ ပေးကြောင်းဆိုပါသည်။
တနင်္လာနေ့က အမေရိကန်နိုင်ငံခြားရေးဌာနက ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်၍
ပြင်းထန် သောချိုးဖောက်မှု များအတွက် အထူးစိုးရိမ်ရသောနိုင်ငံအဖြစ်
မြန်မာနိုင်ငံကို စာရင်းထပ်မံသွင်းခဲ့ပါသည်။ ၎င်းမှာ 1999 ကတည်းက နှစ်စဉ်
ကမ္ဘာလုံးဆိုင်ရာ အကဲဖြတ်မှုဖြစ်ပါသည်။
No comments:
Post a Comment