Wednesday, May 22, 2013

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ အဆုံးသတ်ရန် ဘန်ကီမွန်း တိုက်တွန်း

(19 May 2013 ရက်စွဲပါ BBC News မှ Ban Ki-moon urges North Korea to end missile tests သတင်းကို ဘာသာ ပြန်ဆိုပါသည်)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြောက်ကိုရီးယား၏ တိုက်ခွင်းပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်နေမှုကို ရပ်ဆိုင်းရန် တောင်းဆိုလိုက်ပါသည်။

စနေ၊ တနင်္ဂနွေနေ့များက ပြုံယမ်းသည် လေးကြိမ်မြောက် တာတိုပစ်ဒုံးကျည်များ ပစ်ခတ်စမ်းသပ်ခဲ့မှုအပြီးတွင် ၎င်းက ယခုလိုပြောကြားလိုက်ခြင်းဖြစ်ပါသည်။

ထိုကဲ့သို့ ပစ်လွှတ်မှုများသည် ဖြစ်ရိုးဖြစ်စဉ်ပင်ဖြစ်သော်လည်း ဒေသတွင်းမှ နိုင်ငံများက မတင်မကျဖြစ်နေသော ဆက်ဆံရေး အခြေအနေကို ပိုမိုကောင်းမွန်အောင် ကြိုးစားနေသောအချိန်ဖြစ်ကြောင်း BBC မှ Lucy Williamson က ပြောကြားပါသည်။

မစ္စတာဘန်က မြောက်ကိုရီးယားအား ဒေသတွင်း တင်းမာမှုများကို လျှော့ချရန်နှင့် ၎င်း၏နျူကလီးယား အစီအစဉ် နှင့် ပတ်သက်၍ ဆွေးနွေးမှုကို ပြန်လည်စတင်ရန် တိုက်တွန်းခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဆွေးနွေးမှုအပြီး ပြောကြားရာတွင် မစ္စတာဘန်သည် မြောက်ကိုရိးယား၏ ဒုံးကျည်စမ်းသပ်မှုများကို “ရန်စသော လုပ်ရပ်”ဟု ခေါ်ဝေါ်ခဲ့သည်။

ခြိမ်းခြောက်တိုက်ခိုက်မှုများ
ထိုအချိန်တွင် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မြောက်ကိုရီးယား၏ အရှေ့ဘက်ကမ်းခြေတွင် ဒုံးကျည်များကို နေရာချထားခဲ့သည်ဟု တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းဝန်ကြီးဌာနကပင် ပြုံယမ်းသည် ဒုံးကျည်စမ်းသပ်မှု သုံးခု ပြုလုပ်ပြီးဖြစ်သည်ဟု စနေနေ့က ပြောခဲ့သည်။

“မြောက်ကိုရီးယားဟာ ဒီလိုအပြုအမူတွေကို ရှောင်ရှားဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု ဘန်က ရုရှားရှိ RIA Novosti News Agency သို့ ပြောကြားခဲ့သည်။

“ဒါဟာ သူတို့အတွက် တင်းမာမှုတွေ လျှော့ချပြီး ဆွေးနွေးညှိနှိုင်းမှု ပြန်လုပ်ဖို့ အချိန်ပဲ။ ကုလသမဂ္ဂအနေနဲ့ ကူညီပေးဖို့ ဆန္ဒရှိပါတယ်”
မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ရပ်တန့်နေသော ခြောက်နိုင်ငံ အစည်းအဝေး၏ အဖွဲ့ဝင်ဖြစ်သော ရုရှားအား ပြုံယမ်းကို ညှိနှိုင်းဆွေးနွေးရေးစားပွဲဝိုင်းသို့ ပြန်လည်ခေါ်ယူနိုင်ရန်အတွက် အကူအညီပေးရန် မစ္စတာဘန်က တောင်းဆိုခဲ့သေးသည်။

ယခုနှစ်အတွင်း မြောက်ကိုရီးယားနှင့် ၎င်း၏ အိမ်နီးချင်းများ၊ အမေရိကန်တို့ကြားတွင် တင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။

မြောက်ကိုရီးယား၏ တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုအတွက် ကုလသမဂက စီးပွားရေး ပိတ်ဆို့မှုအသစ်များ ထပ်မံပြုလုပ်ခဲ့ခြင်းနှင့် အမေရိကန်-တောင်ကိုရီးယား နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်း တို့ကြောင့် ပြုံယမ်းက အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့အား ပစ်မှတ်ထားကာ စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

၎င်း၏ လက်နက်အစီအစဉ်တွင် ပလူတိုနီယမ် ထုတ်လုပ်သည့် ကာလတစ်ခုကြာ ဆိုင်းငံ့ခဲ့သော နျူကလီးယား ရီအက်တာကို ပြန်လည်စတင်မည်ဟူသော ခြိမ်းခြောက်မှု ပြုလုပ်သကဲ့သို့ ပြုံယမ်းသည် ဆိုးလ်နှင့် စစ်ရေး၊ စီးပွားရေး အဆက်အဆံများကိုပါ ဖြတ်တောက်ခဲ့သည်။

တာလတ်ပစ်ဒုံးကျည်များကို အရှေ့ဘက် ကမ်းခြေတစ်လျှောက်တွင် ဧပြီလက နေရာချထားခဲ့ပြီး ယခုလအစပိုင်း တွင်မူ ယင်းတို့ကို ပြန်လည်ဖယ်ရှားသွားသည်မှာ ကိုရီးယားကျွန်းဆွယ်မှ တင်းမာမှုများ လျော့နည်းလာသည့် လက္ခဏာ တစ်ရပ် ဖြစ်ပါသည်။

No comments:

Post a Comment