Wednesday, May 22, 2013

တရုတ်ဝန်ကြီးချုပ် Li Keqiang ၏ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက် မည်

( BBC News မှ မေလ ၁၉ ရက်နေ့ပါ China Premier Li Keqiang in India for first foreign trip သတင်းကို ဘာသာ ပြန်ဆိုသည်။)

တရုတ်ဝန်ကြီးချုပ် Li Keqiang သည် ၎င်း၏ပထမဆုံး နိုင်ငံခြားရေးခရီးအဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ဝန်ကြီးချုပ်လီသည် နယူးဒေလီသို့ရောက်ရှိစဉ်တွင် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့်တွေ့ဆုံ ဆွေးနွေး ပြီးနောက် အိန္ဒိယ ဝန်ကြီးချုပ်အိမ်ဂေဟာတွင် ပြုလုပ်မည့်ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်တင်းမာမှုပြဿနာများနှင့် ကုန်သွယ်ရေးအကြပ်အတည်း ပြဿနာများသည် ဝန်ကြီးချုပ်နှစ်ဦး ဆွေးနွေးမည့် ကိစ္စများဖြစ်လာဖွယ်ရှိနေသည်။

အဆိုပါအိမ်နီးချင်းနှစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေးထူထပ်သော နိုင်ငံများဖြစ်သည်။

အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံလုံးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ဗျူဟာမြောက် ဆက်ဆံရေးတို့တွင် ကူညီထောက်ပံပေးနိုင်ရန် တရုတ်အစိုးရမှ မျှော်လင့်ကြောင်း တရုတ်နိုင်ငံ၏ တရားဝင် သတင်းဌာနတစ်ခုဖြစ်သည့် ဆင်ဟွာ၏ ပြောကြားချက်အရ သိရှိရသည်။

အိန္ဒိယနိုင်ငံအား ၎င်း၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ရွေးချယ်ခြင်းသည် ဂုဏ်တက်စေသော ကိစ္စရပ်တစ်ခုဖြစ်ပြီး အိန္ဒိယအစိုးရအနေဖြင့် မစ္စတာလီသည် နှစ်နိုင်ငံအကြားယုံကြည်မှု တိုးပွားလာစေရေးအတွက် ရည်ရွယ်ကာ ပြောဆိုဆွေးနွေး သွားမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Syed Akbaruddin က ပြောကြားခဲ့သည်။

ဆယ်စုနှစ်တစ်ခုအကြာ တည်ရှိနေသော နယ်စပ်တင်းမာမှုပြဿနာသည် တရုတ်တပ်များ ဟိမဝန္တာ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်သည်ဟု အိန္ဒိယနိုင်ငံ၏ စွပ်စွဲခဲ့သည့်နောက်တွင် ပြဿနာဖြစ်ပွားခဲ့သည်။

Ladakh ဒေသရှိ နယ်မြေသည် ၁၉၅၀ ခုနှစ်ကတည်းက နှစ်နိုင်ငံအကြား တင်းမာမှုရှိသော နယ်မြေ ဖြစ်သည်။

ကူသန်းရောင်းဝယ်မှု ဆက်ဆံရေး တိုးမြှင့်ရန်ကိစ္စသည် ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာ အဖြစ် ပါဝင်လာရန် မျှော်လင့်ထားကြသည်။ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံတစ်ခု ဖြစ်ပြီး၊ လာမည့် ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ( ပေါင် ၆၅ ဘီလီယံ) အထိ တိုးမြှင့် သွားဖို့ရည်ရွယ်ထားသည်။

ဝန်ကြီးချုပ်လီသည် ပါကစ္စတန်၊ ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံများသို့ မသွားရောက်သေးခင်တွင် အိန္ဒိယ နိုင်ငံတွင် သုံးရက်ကြာနေထိုင်မည် ဖြစ်သည်။

No comments:

Post a Comment