Wednesday, May 22, 2013

ဆက်သွယ်ရေးလိုင်စင်ရရှိပါက MTN ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ အခြားကဏ္ဍများတွင် ကူညီမည်

တောင်အာဖရိကနိုင်ငံအခြေစိုက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် MTN ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆက်သွယ်ရေးလုပ်ငန်း  လုပ်ကိုင်ခွင့်   လိုင်စင်ရရှိပါက မြန်မာနိုင်ငံ   အခြားသောကဏ္ဍများတွင်လည်း   ကူညီထောက်ပံ့မှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း မေလ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် MTC Company ၏ Chief Marketing Officer Mr.Taukobong ကပြောကြားခဲ့သည်။
အဆိုပါ  MTN  မှာ   Amara   Communication   Company   နှင့် ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင်  အော်ပရေတာ
လျှောက်ထားခြင်းအား ပူးပေါင်းဆောင်ရွက်လျှက်ရှိသော ပြည်ပကုမ္ပဏီတစ်ခုဖြစ်ပြီး အော်ပရေတာလုပ်ကိုင်ခွင့် ရရှိပါက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအပြင် ပညာရေးကဲ့သို့သော အခြားကဏ္ဍများတွင်လည်း ကူညီထောက်ပံ ပေးသွားမည်ြ ဖစ်ကြောင်း သိရှိရသည်။

MTN Company အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီ ၁၂ ခုတွင်ပါဝင်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိပါက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် အခြားသော ကဏ္ဍများတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

MTN ကုမ္ပဏီသည် အာဖရိကနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ကိုအောင်မြင်စွာဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် လွန်ခဲ့သည့် ငါးနှစ်ခန့်က အာဖရိကရှိ ဆက်သွယ်ရေးကဏ္ဍများနှင့် များစွာတူညီသောကြောင့် MTN Company အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆက်သွယ်ရေးကဏ္ဍဝန်ဆောင်မှုလုပ်ငန်းများတွင် အတွေ့အကြုံများစွာရှိသော ကြောင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်ရရှိပါက မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍကို လျှင်မြန်စွာ ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လုပ်ငန်းလုပ် ကိုင်ခွင့်လိုင်စင်ရရှိပါက မြန်မာနိုင်ငံတွင် 3G နှင့်  Wi Fi  စနစ်အပြင် မိုဘိုင်းဖုန်းမှတစ်ဆင့်  ငွေပေးချေ
နိုင်သည့် ဝန်ဆောင်မှုကိုလည်း အဓိကထားဆောင်ရွက်ပေးသွားမည်ပြီး ရင်းနှီးမြုပ်နှံမည့်ငွေပမာဏ မှာ မိမိတို့ရှိမည့် လုပ်ငန်း အပေါ်မူတည်၍ ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်ရရှိမှသာ ဝန်ကြီးဌာနများ နှင့်ညှိနှိုင်းကာ Infrastructure များကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ဝင်ရောက်လျှောက်ထားသည့် ကုမ္ပဏီများအနေဖြင့် လာမည့်ဇွန်လ ၃ ရက်တွင် နောက်ဆုံးအနေဖြင့် မိမိတို့လုပ်ကိုင်နိုင်သည့် ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမည့် အကြောင်းအရာများကို ထည့်သွင်း ရေးသားကာ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နောက်ဆုံးအနေဖြင့် ပြည်ပမှ ကုမ္ပဏီ နှစ်ခု ကို ဇွန်လ ၂၇ ရက်တွင် အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment