Wednesday, May 22, 2013

အမေရိကန်မှ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် ကူညီမည်

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတဘားရက်အိုဘားမားတို့သည် ဝါရှင်တန်မြို့တော်ရှိ  အိမ်ဖြူတော် တွင် မေလ ၂၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အမေရိကန်သမ္မတဘားရက်အိုဘားမားက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် အကူအညီပေးရန် ကတိပြုပြောကြား ခဲ့ကြောင်း သိရှိရသည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်မှုများကို အမေရိကန်က ထောက်ခံသော လက္ခဏာ တစ်ရပ်ဖြစ်သည့် အိမ်ဖြူတော်၌ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်မှုများအတွက် ချီးကျူးပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော လူမျိုးရေးပဋ္ဋိပက္ခများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်တိုက်တွန်း ပြောကြားခဲ့သည်။

ထို့အပြင် အိမ်ဖြူတော်သို့ ပထမဆုံးရောက်ရှိလာသော သမ္မတဦးသိန်းစိန်အား ကြိုဆိုခဲ့ပြီး သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံအား ယခင်က ခေါ်ဝေါ်ခဲ့သော “ ဘားမား” အစား တရားဝင်အမည် “ မြန်မာ” ဟု သုံးနှုန်းခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်မှု အပြည့်အဝအကောင်အထည်ပေါ်လာရေးအတွက် တိုက်တွန်းပြော ဆိုခဲ့ရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွား မည်ဟု ကတိပြုပြောကြားခဲ့သည်။

သို့သော် သမ္မတဦးသိန်းစိန်အား အိမ်ဖြူတော်သို့ ဖိတ်ခေါ်ဆွေးနွေးခြင်းသည် စောလွန်းရာရောက်ပြီး အချိန်မတန်သေးကြောင်းနှင့် မြန်မာနိုင်ငံတွင် လူ့အခွင့်ရေးကိစ္စများနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက် လက် အကောင်အထည်ဖော်ရေး၊ ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ဆက်လက်လို အပ်နေသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက မေလ ၁၇ ရက်နေ့က ပြောကြားထားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် သမ္မတဘားရက်အိုဘားမားနှင့် မတွေ့ဆုံမီတွင် ဝါရှင်တန်ပို့စ်နှင့် တွေ့ဆုံခဲ့ရာ ၌ မြန်မာနိုင်ငံ တွင် တပ်မတော်သည် အရေးပါသည့် အခန်းကဏ္ဍတွင် ဆက်လက်တည်ရှိနေမည်ဟု ဖြေကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ လွှတ်တော်ပေါ်တွင် မူတည်လျှက်ရှိပြီး ဥပမာအားဖြင့် ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လာရေး ပတ်သက်၍ တိုက်ရိုက်သော် လည်းကောင်း၊ ထင်မြင်ချက်အနေဖြင့်သော်လည်းကောင်း မရှိဘဲ လွှတ်တော် အပေါ်တွင်သာ မူတည်ကြောင်း သမ္မတဦး သိန်းစိန်မှ ပြောကြားခဲ့သည်။

ယခင်အစိုးရလက်ထက် ပိတ်ဆို့မှုများရှိသော ကာလ၌ နိုင်ငံတော်ကို ကာကွယ်ရန်အတွက် မိမိတို့အား အကူအညီပေးနိုင်မည့် နိုင်ငံများကိုရှာဖွေခဲ့ရသောကြောင့် မြောက်ကိုရီယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ရှိခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေးအားဖြင့် ဆက်သွယ်မှုလုံးဝ မရှိဘဲ သံတမန် ဆက်သွယ်ရေးသာရှိကြောင်း သမ္မတဦးသိန်းစိန်မှ မေလ ၂၀ ရက်နေ့ အစောပိုင်းက ဗီအိုအေသတင်းဌာ နနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန်သမ္မတဘားရက်အိုဘားမားနှင့်   တွေ့ဆုံပြီး နောက်တွင် မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီကြီးများ လာရောက်ရင်းနှီးမြုပ်နှံရန် ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီ၊ အမေရိကုန်ကုန်သည်ကြီးများအသင်းတို့နှင့် တွေ့ဆုံ ရန်စီစဉ်ထား ကြောင်း သိရှိရသည်။

No comments:

Post a Comment