Wednesday, May 15, 2013

ပါတီတွင်း သဘောထားကွဲလွဲမှုများကို ဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်သွားမည်

လက်ရှိဒီမိုကရေစီမိတ်ဆွေ ပါတီများအကြား အမြင်မတူညီမှုများကြောင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိ သည့်အတွက် ယင်းအမြင် မတူညီမှုများကို စုပေါင်းတွေ့ဆုံဆွေးနွေး အဖြေရှာ၍ ပါတီများအကြား ပူးပေါင်းဆောင်ရွက်မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း ဒီမိုကရေစီမိတ်ဆွေပါတီများမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ဒီမိတ်(၁၀)ပါတီအကြား အမြင်မတူညီမှုများ ဖြစ်ပေါ်ခဲ့ရခြင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြထားသော အချိုးကျရွေးကောက်ပွဲ စနစ်(PR)နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလမှစတင်၍ ဖွဲ့စည်းခဲ့သည့် ဒီမိုကရေစီမိတ်ဆွေပါတီများဖြစ်သည့် ဒီမိုက ရေစီအင်အားစုပါတီများနှင့်  တိုင်းရင်းသားပါတီများအကြား သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု သတင်းထွက်ပေါ်နေမှု အပေါ် ပာုတ်မှန်ခြင်းမရှိကြောင်း ဒီမိတ်(၁၀)ပါတီမှ တာဝန်ရှိသူများက မေလ ၁၃ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော အစည်း အဝေးတွင် ပြန်လည်ငြင်းဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဒီမိတ်(၁၀)ပါတီရှိ တာဝန်ရှိသူများက လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို ပါတီတွင်းအမြင် ဖလှယ်ခြင်းများ၊ပြည်တွင်း ငြိမ်းချမ်းရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ရှိပါတီများအကြား ဖြစ်ပေါ်လျက်ရှိသော သဘောထားကွဲလွဲမှု၊ အမြင်မတူညီမှုများကိုပေါင်းစပ်၍ ရှေ့ လုပ်ငန်း စဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ အတွင်းရေးမှူး(၁)ဦးကြည်သန့်က အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့သည့် ဒီမိုကရေစီ မိတ်ဆွေပါတီများတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီနှင့် တိုင်းရင်းသားပါတီများအဖြစ် ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့ စသည်  တို့ ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment