Wednesday, May 15, 2013

စွန့်ပစ်အမှိုက်မှတစ်ဆင့် CNG အစားထိုးဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားထုတ်ယူုမည်

ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ မော်တော်ကားများတွင် CNC ဓာတ်ငွေ့အစားထိုးနှင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန် စွန့်ပစ်အမှိုက်များမှတစ်ဆင့် CNG အစားထိုးဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ထုတ်ယူမှုကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြသည်။

ထိုသို့အမှိုက်မှ စွမ်းအင်ထုတ်လုပ်မှု စီမံကိန်းကို ပြည်တွင်းပြည်ပရှိ ဖက်စပ်ကုမ္ပဏီများအား အကြိုတင်ဒါခေါ်ယူခဲ့ပြီး ကုမ္ပဏီကြီး(၁၀)ခုအား ရွေးချယ်ကာ အမှိုက်မှဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ထုတ်ယူရေးလုပ်ငန်းများကို စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွေးချယ်ထားသည့် ကုမ္ပဏီ(၁၀)ခုအနက် CNC အစားထိုး ဓာတ်ငွေ့ဖြစ်သည့် CPN(မီသိန်းဓာတ်ငွေ့) စွမ်းအင် ထုတ်လုပ်နိုင်ရန် ကုမ္ပဏီ(၁)ခုကိုသာ ရွေးချယ်လုပ်ကိုင်စေခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုလည်း ကုမ္ပဏီ(၁)ခုကိုသာ လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ယင်းအမှိုက်မှ  စွမ်းအင်ထုတ်လုပ်မှု    စီမံကိန်းများ  စတင်အကောင်  အထည် ပေါ်ပေါက်  လာပါက   မော်တော်ကား
များမောင်းနှင်ရန် CNC   အစားထိုးဓာတ်ငွေ့   ရရှိလာမည်ဖြစ်သည့်  အပြင် ပြည်သူများ အတွက်လည်း   အလုပ်အကိုင် အခွင့်
အလမ်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါစီမံကိန်း ပြီးစီး သွားပါက ပြည်သူများ လျှပ်စစ်ဓာတ်အား
ပိုမိုအသုံးပြုလာနိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကိုလည်း အများ ဆုံးလျှော့ချ ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အမှိုက်များကို မြေပေါ်သို့ စနစ်တကျမစွန့်ပစ်ရာမှ ထွက်ရှိလာသည့် မီသိန်းဓာတ်ငွေ့တစ်တန်သည် ကာဗွန်ဒိုင်အောက်
ဆိုဒ် ၂၁တန်နှင့် ညီမျှကာ ကမ္ဘာမြေရဲ့ အိုဇုန်လွှာကိုပျက်စီးစေသည်။

အမှိုက်မှတစ်ဆင့် CNG အစားထိုးဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ထုတ်ယူမှုများကို လှိုင်သာယာရှိ ထိန်ပင် အမှိုက်ပုံ နှင့် မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်အမှိုက်ပုံတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စွန့်ပစ်အမှိုက်မှ ရရှိသည့် CNC အစားထိုးဓာတ်ငွေ့ CPN(မီသိန်းဓာတ်ငွေ့)သည် ၉၂ ရာခိုင်နှုန်းခန့်  ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ ဖယ်ရှားထားပြီး CNC (အစားထိုးဓာတ်ငွေ့)မှာ ၁၀၀ရာခိုင်နှုန်းဖယ်ရှားပြီးဖြစ်သော ဓာတ်ငွေ့ဖြစ်သည်။ ထို့ပြင် လက်ရှိအချိန်တွင် ရန်ကုန်မြို့၌တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၅၀၀ မှ ၁၆၀၀အထိ ထွက်ရှိလျှက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment